ရမည်းသင်းခရိုင် (Working  Group)မြေပြင်ကွင်းဆင်ကာက်ယူရေး ကြီးကြပ်မှုကော်မတီ ညှိနှိုင်း အစည်အဝေးကျင်းပ

ရမည်းသင်း   ဇန်နဝါရီ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်(Working  Group)မြေပြင်စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ ခရိုင်အတွင်းမြေပြင် ကွင်းဆင်းကောက်ယူမှု တစ်ပတ်တာစာရင်းဇယားများ ဖြည့်ဆည်းဆောင်းရွက်ခြင်းအားနည်းချက်၊ အားသာချက်များ ဖြည့်ဆည်း‌ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ကျင်းပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက မြေပြင်စာရင်းကောက်ယူရာတွင် စာရင်းဇယားတိကျမှန်ရေး၊ မြေပြင်စာရင်းကောက်ယူ မှုအခက်အခဲနှင့် တစ်ပတ်တာကောက်ယူမှုအခြေများ ပြန်လည်ဆွေးနွေးကြစေရေး ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌတို့က မြေပြင်စာရင်း ကောက်ယူပြီးစီးမှု တစ်ပတ်တာဆောင်ရွက်နိုင်မှုကိုလည်းကောင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ရပ်ကွက်၊ ကျေးရွာအလိုက် မိမိတာဝန်ယူရသည့်ရပ်ကွက်၊ ကျေးရွာများတွင် ပြင်ကွင်းဆင်းကောက်ယူခြင်း ကောက်ကွက်အလိုက် ဆောင်ရွက်ပြီးစီးမှုကို ဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးစိုးမြင့်တို့က ဆွေးနွေးတင်ပြချက်များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စာရင်းဇယားများတိကျမှန်စွာ ကောက်ကွက်အလိုက် ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ ကွင်းဆင်းစိစစ်ကြရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)