စဉ့်ကိုင် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ် ပိုင်ကျောင်းများ၌ရှိသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီး(၅)လပြည့်ပြီးသူ အသက်(၅)နှစ်မှ(၁၂)ထိကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကာကွယ်ဆေးပထမအကြိမ် (Booster Dose ) များထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ(၃၆၆၁)ဦးထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင်၊ အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်တို့က ကြီးကြပ်၍ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ယဉ်နွယ်မြင့် (ဦးစီးအရာရှိ)(အခြေခံကျန်းမာ/ကျန်းမာပညာ)နှင့် ကျန်းမာရေး၀န်ထမ်းများက စနစ်တကျကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာများမှ ပရဟိတအဖွဲ့၀င်များ ပူးပေါင်း၍ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ် ပြည့်ထိုးနှံပြီး (၅)လပြည့်ပြီးသူ အသက်(၅)နှစ်မှ (၁၂)ထိကျောင်းသား၊ ကျောင်းသူများအား ဦးတည်အုပ်စု အလိုက် ကျောင်းများ သတ်မှတ်ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှဒေါ်ယဉ်နွယ်မြင့်(ဦးစီးအရာရှိ) (အခြေခံကျန်းမာ/ကျန်းမာပညာ)ထံကသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)