ပင်လုံ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာရေးနှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို ''ကြိုဆိုပါသည်စုံညီပွဲတော်'' တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး လွိုင်လင် မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီးဦးစံလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးဒေါ်နုနုမာမှ ကျောင်း၏တိုးတက်မှုနှင့် လုပ်ဆောင်ချက်များအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်ဦးမင်းသူမှ ကျေးဇူး တင်စကားပြောကြားခဲ့ပါသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်တွင် ပညာရည်ထူးချွန်ဆုနှင့် အားကစားထူးချွန်ဆုများရရှိကြသည့် ကျောင်းသား/သူများကို တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ထို့နောက်ကျောင်းသား/သူများမှ ဖျော်ဖြေရေးအစီအစဥ်တွင် Grade-9 မှ ကိန္နရီ အကဖြင့်လည်းကောင်း၊ Grade-11 မှ တို့ရှမ်းဌာနေ အကဖြင့်လည်းကောင်း၊ Grade-3 မှ ဖြေးမခန်းခမ့်ထော့ အကဖြင့်လည်းကောင်း၊ Grade-7 မှ Fitness Dance ဖြင့်လည်းကောင်း၊ Grade-10 မှ လက်ပံပွင့်ကောက် ဖြင့်လည်းကောင်းဖျော်ဖြေခဲ့ကြပြီး အခမ်း အနားကို ''စုံညီပွဲတော်တို့နွဲပျော်''သီချင်းဖြင့်ရုတ်သိမ်းခဲ့ပါသည်။
၎င်းအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား မိဘများ၊ ဆရာ/ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့များက ကျောင်းသား/သူလေး များပြုလုပ်ထားသည့် သင်ထောက်ကူကားချပ်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရပါသည်။
မြို့နယ်(ပြန်/ဆက်)