အ.ထ.က-ခွဲ(မိုင်းကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မိုင်းကိုင် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊မိုင်းကိုင်မြို့နယ်၊ အမှတ် (၂)ရပ်ကွက်ရှိ အ.ထ.က-ခွဲ (မိုင်း ကိုင်)၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းက အဆိုပါ ကျောင်းခန်းမ၌ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေး မှူး၊ ဌာနဆိုင်ရာများ၊ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်း သားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ် ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်ကိုတို့က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းထွေးထွေးက ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကာ တက်ရောက်လာကြသော တာဝန်ရှိသူများ က၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကာယ၊ ဉာဏနှင့် ဘက်စုံထူးချွန်ဆုရ ကျောင်း သားကျောင်းသူများကို ဂုဏ်ပြုဆု များအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများက စီစဉ်တင်ဆက်သော အကပဒေသာများ၊ သိပ္ပံနှင့်လက်မှုပညာပြခန်းများကို ဖွင့်လှစ်ပြသရာ တက်ရောက် လာကြသော ဧည့်သည်တော်များနှင့် ကျောင်းသားမိဘများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)