လယ်ဝေး ဇန်နဝါရီ ၁၃
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်စေရေး မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး မြို့နယ်အဆင့် (Working Group) အဖွဲ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်ကာ မြို့ပေါ်ရပ်ကွက် အသီးသီးတွင် ကွင်းဆင်းကောက်ယူ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကွင်းဆင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် လူဦးရေစာရင်းများ ကျန်ရှိမှုမရှိစေရေးအတွက် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်း ကောက်ယူမှုကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တာဝန်ကျစာရေးများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အတူ တာဝန်ရှိသူများက လိုက်ပါကြီးကြပ်ဆောင်ရွက်ကာ လိုအပ်သည်များအား ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် Working Group မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူနေမှုများအား မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုက်ထိုက်(ပြန်/ဆက်)