မန်တုံ ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့ အခြေခံပညာအလယ်တန်ကျောင်း(ခွဲ) ဟိုခိုကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ဒု-မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ယုံက ကျောင်းစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးကာလိန်က ကျောင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များ အားလည်းကောင်း အသီးသီးအမှာစကား ပြောကြားခဲ့ကြပြီး စုံညီပွဲတော်သို့ တက်ရောက်လာသော ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပေးကြသော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ ကြောင်းသိရသည်။
ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတန်းအလိုက် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)