စုကလိမြို့တွင် မန်ကျည်းသီးများစောလျင်စွာထွက်ရှိသဖြင့်  စျေးကောင်းရရှိ

စုကလိ  ဇန်နဝါရီ ၁၃

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့တွင် မန်ကျည်းသီးများစောလျင်စွာထွက်ရှိသဖြင့် ခူးဆွတ်သူများရောင်းချသူများပုံမှန်ဝင်ငွေရရှိလျက်ရှိသည်။

ယခုနှစ်တွင် စုကလိမြို့၌မန်ကျည်းသီးများပေါများစွာထွက်ရှိချိန်ရောက်ရှိလာပြီးဖြစ်သဖြင့်  မန်းကျည်းသီးများခူးဆွတ်၍အခြောက်ခံအစေ့ထုပ်ပြီး စျေးကွက်အတွင်းစတင်ရောင်းချလျက်ရှိရာ မန်ကျည်းသီးတစ်ကီလို ၆၅ကျပ်သားပါတစ်ထုပ်လျှင် ထိုင်းဘတ်ငွေ ၇၀ အထိစျေးကောင်းရရှိသည်။

မန်ကျည်းသီးသည် ဆေးဘက်ဝင်သောအစားအစာများထဲမှတစ်ခုဖြစ်ပြီး လိုသလိုအသုံးချ၍ စားသောက်နိုင်သောသီးနှံတစ်မျိုးဖြစ်သည်။ စုကလိမြို့မှထွက်ရှိသောမန်ကျည်းသီးများအား မြို့နေပြည်သူများစားသုံးမှုဖူလုံရုံသာမက အနီးအနားရှိကျေးရွာများမှလာရောက်ဝယ်ယူကြသောကြောင့် ပုံမှန်ဝင်ငွေရရှိလျက်ရှိကြောင်းသိရသည်။

 ပိုပိုအောင်

စုကလိ  ပြန်/ဆက်