ဟားခါး ဇန်နဝါရီ ၁၂
ချင်းပြည်နယ်၊ ဟားခါးမြို့၌ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့မှစတင်၍ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ဆင့်ပွားသင်တန်းတက်ရောက်ပြီးသူများက အဖွဲ့ ( ၁၇ ) ဖွဲ့ခွဲ၍ ကွင်းဆင်းစာရင်းကောက်ယူခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်အရ မကြာမီကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေးအတွက် ယခုကဲ့သို့ မြေပြင်လူဦးရေးစာရင်း ကောက်ယူခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန် /ဆက်)