သပိတ်ကျင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်း ဒေသကြီးသပိတ်ကျင်းခရိုင် သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာ မြေပြင်တစ်အိမ်တတ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(Working group)များမှ ယနေ့နံနက် ပိုင်းကဇရပ်ကွင်းကျေးရွာ ရပ်ကွက်များအတွင်း အိမ်ထောင်စုလူဦးရေစာရင်းမြေပြင် ကွင်းဆင်း ကောက်ယူနေမှုအား ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်မှ ကွင်းဆင်းကြီးကြပ်စစ်ဆေးခဲ့ပီးမြို့နယ် မြေပြင် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင်များမှလိုက်ပါခဲ့ကြသည်။
သပိတ်ကျင်း မြို့နယ်အတွင်းရှိ မြေပြင် တစ်အိမ်တတ်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များမှအဖွဲ့များခွဲကာ ကျေးရွာများအလိုက်အိမ်ထောင်စုလူဦးရေစာရင်းများမှ တိုက်ဆိုင်စစ်ဆေးပြီး စာရင်းများကောက်ယူလျက်ရှိရာ ခရိုင်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ကျေးရွာများသို့ ကွင်းဆင်းစာရင်းကောက်ယူမှုများအား အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)