တိုက်ကြီးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း စာရင်းများကောက်ယူမှု ကွင်းဆင်းစစ်ဆေး

တိုက်ကြီး ဇန်နဝါရီ ၁၂

န်ကုန်တိုင်းဒေသကြီးတိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အိမ်ထောင်စုလူဦးရေစာရင်း ပြည့်စုံ မှန်ကန်စေရေး တစ်အိမ်တက်ဆင်း စာရင်းများ ဆက်လက်ကောက်ယူနေမှုကို ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ယမန်နေ့  နံနက် ၁၀ နာရီခွဲက မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြသည်။

ထိုသို့ လိုက်လံကြည့်ရှုအားပေးရာ တိုက်ကြီးမြို့နယ် တာခွကျေးရွာအုပ်စု  “ကောင်းကြီး  ပရဟိတလူငယ်ဂေဟာတွင် မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းများ ကောက်ယူသော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့၊ ပညာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များ၏  မြေပြင်စာရင်းကောက်ယူမှု အခြေအနေအား ခရိုင်/မြို့နယ် မြေပြင်ကွင်းဆင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ တိုက်ကြီးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲမှူးကြီးဝင်းထွေး၊ တိုက်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး   ဒေါ်ခင်ခင်အိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  တိုက်ကြီးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က္ကဋ္ဌ ဦးအောင်ကျော်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုက်ကြီးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးအောင်မင်းထွေးနှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးကာ  စာရင်းကောက်များ   တွေ့ကြုံနေရသည့် အခက်အခဲများ၊ စာရင်း ကောက်နည်းလမ်းများ မှန်ကန်စေရေးအတွက် ကြီးကြပ်လမ်းညွှန်မှာကြာခဲ့ကြောင်း သိရသည်။

စန်ကလျာခိုင် (ပြန် / ဆက်)