သပိတ်ကျင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

သပိတ်ကျင်း   ဇန်နဝါရီ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊သပိတ်ကျင်းမြို့အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်( ၉)နာရီက အဆိုပါကျောင်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်း ကျောင်းသား၊ကျောင်းသူကလေးများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်ဖြင့်သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အမှာစကားပြောကြားခဲ့ပြီး( အ.ထ.က)ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာစမ်းကစုံညီပွဲတော်ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြောကြားခဲ့ကာ မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိခဲ့သည့်ကျောင်းသား၊ကျောင်းသူများမှ ပြိုင်ပွဲဝင်အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အ.ထ.ကကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘက်စုံဆုရရှိခဲ့သည့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် တာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့ကြပြီး ကျောင်းသားကျောင်းသူများမှ အကများဖြင့်ဖျော်ဖြေခဲ့ ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ မြို့နယ်ပညာရေးမှူးဦးဝင်းမောင်၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား ၊ကျောင်းသူများ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာထွန်းနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)သပိတ်ကျင်း