တံတား ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယမန်နေ့ နံနက် (၈)နာရီအချိန်က သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို တံတားမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြုဆရာမကြီး ဦးဆောင်၍ ဝန်ထမ်းများက အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ရာသီတုပ်ကွေးနှင့် ဖျားနာခြင်းများအတွက် ဆေးဝါးကုသပေးခြင်းစသည့် အထွေထွေကျန်းမာရေး စောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ရာ ယနေ့တွင် ဘိုးဘွား(၁၂၀)ဦး လာရောက် ဆေးကုသမှုခံယူခဲ့ကြသည်။ ထိုသို့ လုပ်ဆောင်ပေးခြင်းကြောင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော မိသားစုများအနေဖြင့် မိမိတို့၏ဘိုးဘွားများအား ပြင်ပဆေးရုံဆေးခန်းများတွင် ဆေးကုသစရိတ်မတတ်နိုင်၍ အိမ်တွင် ဆေးမှီးတိုဖြင့် ကုသဆောင်ရွက်ခဲ့ရသော အခက်အခဲများမှ လွတ်မြောက်ခဲ့ရကြောင်းနှင့် ယခုလိုအခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့သော ဆရာမကြီးနှင့်တကွ ဝန်ထမ်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဆေးကုသစစ်ဆေးမှု ခံယူနေသော ပြည်သူတစ်ဦးထံမှ သိရသည်။
ဖြိုးသီဟ (တံတား)