မိုးမိတ်မြို့တွင် လက်တွေ့မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

 မိုးမိတ် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ပြည့်စုံမှန်ကန်သောလူဦရေးစာရင်းရရှိရေး လက်တွေ့မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူဆောင်ရွက်နေခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ ကြီးကြပ်မှုကော်မတီမှ ကြီးကြပ်၍ မြစ်ဆုံကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာသို့ ခရိုင်နှင့်(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ခိုင်၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ခဲ့ပြီး ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)