နွားထိုးကြီး ဇန်နဝါရီ ၁၂
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး (Working Group) ကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက် ၁၀ နာရီက၊ အမှတ်(၃)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြင်းခြံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ဆွေ၊ နွားထိုးကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး မင်းဆွေ၊ နွားထိုးကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရင်းကောက်ယူရေးအဖွဲ့ (၁၀၇)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များနှင့်အဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှဝန်ထမ်းများ ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့သည်။
မြေပြင်ကွင်းဆင်းကောက်ယူရေးကို မြင်းခြံခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ဆွေက မြေပြင်ကွင်းဆင်းကောက်ယူရခြင်း ရည်ရွယ်ချက်နှင့်လုပ်ငန်းစဉ်များ၊ စာရင်းကောက်ယူရာတွင် ဂရုပြုရမည့်အချက်များကိုရှင်း လင်းပြောကြားပြီး မြေပြင်ကွင်းဆင်းကောက်ယူနေမှုကို ခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
သန်းအောင်ဇော်