ပုသိမ်ကြီး ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပခြင်းကို ယနေ့နံနက် ၉နာရီက အ.ထ.က ပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ အထက ပုသိမ်ကြီးကျောင်းသား ကျောင်းသူများက ကြိုဆိုပါသည် စုံညီပွဲတော် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ပညာပညာရေးမှူး ဦးဝင်းဦးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တွင် ထူးချွန်ကျောင်းများနှင့် ထူးချွန်ဆု ရရှိသော ကျောင်းသားကျောင်းသူများအား စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မိုးကျော်ထွန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ကျောင်းသားကျောင်းသူများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ပြီး၊ အခမ်းအနားအား “ပြည်မြန်မာ” သီချင်းဖြင့် သီဆိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)