မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညောင်ဦးမြို့နယ်မီးသတ်စခန်းကြည့်ရှုစစ်ဆေး

ညောင်ဦး  ဇန်နဝါရီ  ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်မီးသတ်စခန်းသို့ ယနေ့နံနက် ၈ နာရီအချိန်က မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း (ညွှန်ကြားရေးမှူး) လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ် မီးသတ်စခန်းဝင်းအတွင်း စခန်းသန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားမှု အခြေအနေများ၊ ယာဉ်/စက်ကြံ့ခိုင်ကောင်း မွန်အသင့်ရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စခန်းနှင့်တပ်ဖွဲ့ဝင်များ၊ သင့်(၄)သင့်အတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်မိသားစု နေအိမ်လိုင်းခန်းများ သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိတို့အား ဦးစွာလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များနှင့်မိသားစုများအား ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ အထက်အကြီးအကဲ အဆင့်ဆင့်၏ ညွှန်ကြားချက်များချပြရှင်းလင်းခြင်း၊ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေးနှင့် သဘာဝဘေးလုပ်ငန်းရပ်များအတွက် သင့်(၄)သင့် ၊မြန်(၃)မြန်လုပ်ငန်းများအောင်မြင်စွာ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန်၊ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၏ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများအား ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြရန်၊ ကိုဗစ်-၁၉ရောဂါစည်းကမ်းချက်များနှင့်အညီ လိုက်နာနေထိုင်သွားကြစေရေးတို့ အားရှင်းလင်း မှာကြားခဲ့ကြောင်းသိရပြီး တပ်ဖွဲ့ဝင်များနှင့်မိသားစုများ၏တင်ပြသည်များကို တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဇော်ဝင်းထွန်း(ညွှန်ကြားရေးမှူး)က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းခြင်း၊ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ၊ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း