မြစ်သား ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး ၊ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနတို့ပူပေါင်း၍ မြစ်သားမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား သက်တမ်းလွန်ဆေးဝါးနှင့် တားမြစ်ဆေးဝါးများ ဥပဒေနှင့်အညီ ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် ၁၀ နာရီခွဲက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး မောင်မောင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဘုန်းမြတ်ကိုနှင့် ဝန်ထမ်းများက မြစ်သားမြို့ပေါ်ရှိဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သောမြို့မအနောက်ရပ်ကွက်ရှိ နန်းစံပယ်ဆေးဆိုင်နှင့်စွမ်းဆေးဆိုင်၊ရွှေသူဌေးရပ်ကွက်ရှိ မော်မော်ဆေးဆိုင်၊ ဘူတာရပ်ကွက်ရှိ လင်းကမ္ဘာဆေးဆိုင်တို့အား သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှု ရှိ/မရှိတားမြစ်ဆေးဝါးများရောင်းချမှု ရှိ/မရှိနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိတို့ကို လိုက်လံစစ်ဆေးပြီး ဥပဒေနှင့်အညီ ရောင်းချရန်နှင့် ကျန်းမာရေး အသိပညာ ပေးခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာအောင်(မြစ်သား)