ရမည်းသင်း ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်း အနော်ရထာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို Grade-8 ကျောင်းသား၊ကျောင်းသူများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် ဖျော်ဖြေကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းအဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဆုရကျောင်းသား၊ကျောင်းသူများ၊ ဗဟိုအဆင့် အားကစားထူးချွန်ဆုရရှိသူများနှင့် ကျောင်းအဆင့် ဘက်စုံထူးချွန်ဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။
ဆက်လက်၍ အလှူရှင်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော် အထိမ်း အမှတ် ပဒေသာကပွဲ ကျင်းပရာ Grade-9 ကျောင်းသူများမှ ထာဝရသစ္စာ သီချင်းဖြင့် စတင်ဖျော်ဖြေကာ အတန်းအလိုက် ကျောင်းသား၊ကျောင်းသူများမှ တေးသရုပ်ဖော်အကနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)