လွိုင်လင်မြို့၊ မူလွန် ကွတ်ချိုးကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ မူလွန် ကွတ်ချိုးကျောင်းတွင် ပညာရေးစုံညီပွဲတော်အား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ရာ ဒုတိယမြို့နယ်ပညာရေးမူး ဦးထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားပေးခဲ့ကာ ကျောင်းကော်မတီတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့သည်။

ဆက်လက်၍ ဆုရကျောင်းသား/သူလေးများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကာ ကျောင်းသား/သူလေးများက အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြသည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)