ပုဇွန်တောင် ဇန်နဝါရီ ၁၂
ပုဇွန်တောင်မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ လိုက်လံအားပေး ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွင်းဆင်းဆေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်၊ အဖွဲ့ဝင်(၂) ဦးမင်းဇော်၊ အဖွဲ့ဝင်(၃) ဦးရဲအောင်၊ အတွင်းရေးမှူး မြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး တင်မောင်လွင်တို့မှ လိုက်လံကြည့်ရှုအားပေးခဲ့ရာ ကြီးကြပ်တာဝန်ပေးထားသော သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသခဲ့သည်။
ပုဇွန်တောင်မြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မြေပြင်တစ်အိမ်တက် ဆင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များမှ ရပ်ကွက်(၁၀)ရပ်ကွက်ရှိ ဦးတည်အိမ်ထောင်စု (၁၅၅၇၁) စုကျော်အား ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်တက်ဆင်းစနစ်ဖြင့် ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရသည်။
ဟန်စုယဉ်