မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ပြည်ထောင်စု၏ထာရအလှ” သီချင်းဖြင့် တိုင်းရင်းသားများ စုပေါင်းအက ရိုက်ကူးထုတ်လွှင့်

မက်မန်း ဇန်နဝါရီလ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင် းသားတို့၏ ရိုးရာယဉ်ကျေးမှုများ၊ အကများကို လေးစားလိုက်နာစေရန် ရည်ရွယ်၍ ပြည်ထောင်စု၏ ထာဝရအလှ သီချင်းဖြင့် တိုင်းရင်းသားများ စုပေါင်းအက ရိုက်ကူးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။

ထိုသို့ ရိုက်ကူးရာတွင် ရှမ်းတိုင်းရင်းသူလေးများ၊ “ ဝ” တိုင်းရင်းသူလေးများနှင့် လားဟူတိုင်းရင်းသူ လေးများက တိုင်းရင်းသားရိုးရာအကများဖြင့် တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ရိုင်းပင်းကူညီမှု၊ သွေးစည်းညီညွတ်မှုရရှိစေရေး၊ ဖေဖော်ဝါရီလတွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုခြင်းအားဖြင့် ပြည်ထောင်စု၏ ထာဝရအလှသီချင်းဖြင့် ရိုက်ကူးခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှေးဘိုးဘွားလက်ထက်ကပင် တိုင်းရင်းများအချင်းချင်း စုပေါင်း၍ အတူတကွယှဉ်တွဲနေထိုင်ခဲ့ရာ တိုင်းရင်းသားများ၏ ချစ်ကြည်ရင်းနှီးမှု၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည် တံ့ခိုင်မာစေလိုကြောင်း လားဟူတိုင်းရင်းသူလေး ဖောလီက ပြောကြားခဲ့သည်။

မက်မန်းခရိုင် ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးသည် ဒေသအတွင်းရှိ တိုင်းရင်းသားများ၏ ရိုးရာအကများကို မက်မန်းခရိုင် ပြည်သူ့စာကြည့်တိုက် Page နှင့် we love page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)