တပ်ကုန်း ဇန်နဝါရီ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့၌ ယာယီမဏ္ဍပ်ဖြင့် ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် အထက(၁) ကျောင်းသူ၊ ကျောင်းသားများက “ စုံညီပွဲတော် တို့နွှဲပျော် ” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထိုနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပညာရေးညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ ညောင်လွန့်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမြင့်ဆောင်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျောင်းအဆင့် ပညာရေးစုံညီပွဲတော် အခမ်း အနားကျင်းပပြုလုပ်ရခြင်းအကြောင်းကို အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ယာယီ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဌေးက ရှင်းလင်းပြောကြားပြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကာယစွမ်းရည်ပြိုင်ပွဲများ၌ တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့် ကျောင်းတွင်း အဆင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း(၉၃)ဦး၊ ဉာဏစွမ်းရည်ပြိုင်များ၌ ဗဟိုအဆင့်၊ တိုင်းအဆင့်၊ မြို့နယ်အဆင့်နှင့်ကျောင်းတွင်းအဆင့် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း(၄၆)ဦးတို့အား ဂုဏ်ပြု ဆုများကို ဒုတိယညွှန်ကြားရေးမှူး ဦးကြာညို၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ယာယီတာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဌေးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်