ဒဂုံအရှေ့ ဇန်နဝါရီ ၁၂
ရန်ကုန်းတိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group)များမှ အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုအသီးသီးတို့တွင် စာရင်းကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်၊ ကျေးရွာများအလိုက် စာရင်းကောက်ယူရေးအဖွဲ့(၁၃၅)ဖွဲ့က တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးပြီး မြောက်အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့တို့က လူတစ်ဦးချင်း၏ စာရင်အချက်အလက်များ မှန်ကန်စေရေးအတွက်မြို့နယ်တွင်းရှိ ရပ်ကွက်(၃၃)ခုနှင့် ကျေးရွာအုပ်စု(၃)စုပေါင်း(၃၆)အုပ်စုရှိ အိမ်ထောင်စု(၃၄၈၀၇)စုမှ လူဦးရေဆိုင်ရာစာရင်း အချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်း များအား ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်အိမ်ဆင်းကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)