သီပေါ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကိုယနေ့နံနက် ၉နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအား ကျောင်းသူလေးများမှ “မြန်မာ့ကျောင်း” သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူးဦးအောင်မိုးကအဖွင့်အမှာစကား ပြောကြားခဲ့ကာ ရွှေကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနီဝင်းဦးက ကျောင်းလုပ်ငန်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် ၂၀၁၉-၂၀၂၀ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်များတွင် အတန်းအလိုက်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်းနှင့် အဆိုပါအခမ်းအနားသို့ မြို့နယ်ဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)