ပင်းတယ ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ) လူထုအခြေပြုဗဟိုဌာနCommunity Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show အား ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ခဲ့ရာ ၎င်း အစီအစဉ်အား ပြုလုပ်ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ပြောကြားသည်။
ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဥပဒေအရာရှိ ဦးသီဟမှ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ရရှိလာမည့် ဆိုးကျိုးများ၊ ဆောင်ရန် ရှောင်ရန်များ၊ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်နှင့် ဥပဒေပုဒ်မများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် လူမှုပတ်ဝန်းကျင်တွင် မူးယစ်သားကောင်ဖြစ်ခဲ့ရသည့် သာဓကစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားပေးခဲ့ကြောင်းသိရပြီး အဆိုပါ Talk Slow အစီအစဉ်အား အများပြည်သူသိရှိစေနိုင်ရန်အတွက် We love Pindaya Page နှင့်ပင်းတယမြို့ ပြည်သူ့စာကြည့်တိုက် Pageတို့တွင် အချိန်နဲ့တစ်ပြေးညီ ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
အောင်ကိုဦး(ပြန်/ဆက်)