လိပ်သိုဒေသရှိ ကျေးရွာများတွင် ငှက်ပျောမျိုးစုံတစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို     ဇန်နဝါရီ  ၁၂                         

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားရှိ ဒေသခံများမှာ  နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုး အသက်မွေးဝမ်းကြောင်းကြသော်လည်း မိမိတို့စားသုံးရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဒေသခံများမှာ ဖာလာ၊ ကော်ဖီ၊ ကွမ်းသီး၊ ရော်ဘာစသည့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာများ မီးရှို့ပြီးနောက် ပထမနှစ်တွင် စားဖိုဆောင်သီးနှံများနှင့်အတူ ဒေသရေမြေနှင့် လိုက်ဖက်သော ရွှေနီ၊ သီးမွှေး၊ ရွှေဖြူ၊ ရခိုင် စသည့် ငှက်ပျောမျိုးများကို  စိုက်ပျိုးကြပြီး ငှက်ပျောပင်များအကြားတွင်  နှစ်ရှည်သီးနှံပင်များကို ဆက်လက်စိုက်ပျိုးကြသည်။

လိပ်သိုဒေသတွင် ငှက်ပျောစိုက်ပျိုးလုပ်ကိုင်သူများမှာ ဈေးကွက်မရရှိတာကြောင့် ဒေသတွင် စားသုံးရန် တစ်နိုင်တစ်ပိုင်သာစိုက်ပျိုးကြပြီး မြို့ကြီးများသို့ ပို့ဆောင်ရောင်း ဝယ်ကြရာ အမျိုး အစားနှင့် အရွယ်အစားအလိုက် ငှက်ပျောတစ်ဖီးကို (၁၀၀ဝိ/-) ကျပ်မှ (၃၀၀ဝိ/-) ကျပ်အထိ ဈေးရရှိကြပြီး ငှက်ပျောစိုက်ပျိုးသူတောင်သူများ အပိုဝင်ငွေရရှိ လျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)