၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ မန္တလေးတက္ကသိုလ် ဒီဂရီကောလိပ်၌ ကျောင်းသား/သူများ ပျော်ရွှင်စွာပညာသင်ကြားနေ

မဟာအောင်မြေ ဇန်နဝါရီ ၁၂

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးတက္ကသိုလ် ဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း(၉၃၂)ဦး စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးတက္ကသိုလ် ဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းသား/သူ ကျောင်းအပ်နှံမှု ကျား(၂၃၁)၊ မ(၇၇၂) စုစုပေါင်း (၁၀၀၃)ဦး ကျောင်းအပ်နှံပြီး ပထမနှစ်ကျောင်းအပ်နှံပြီး ပညာသင်ကြားသူ ကျား(၇၆)ဦး၊ မ(၁၆၃)ဦး၊ ဒုတိယနှစ် ကျား(၂၂)ဦး၊ မ(၄၇)ဦး၊ တတိယနှစ် ကျား(၁၆)ဦး၊ မ(၄၀)ဦး၊ စတုတ္ထနှစ် ကျား(၄)ဦး၊ မ(၂၃)ဦး၊ ဂုဏ်ထူးတန်း ကျား(၁၀)ဦး၊ မ(၆၆)ဦး၊ မဟာဘွဲ့ ကျား(၄)ဦး၊ မ(၆၂)ဦး၊ ပါရဂူတန်း ကျား(၆၂)ဦး၊ မ(၃၀၉)ဦး၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပဉ္စမနှစ် ဥပဒေပညာဘာသာရပ် ကျား(၇)ဦး၊ မ(၂၁) ဦး တက်ရောက်ပြီး ကျား(၂၀၁)၊ မ(၇၃၁) စုစုပေါင်း (၉၃၂)ဦး ရာခိုင်နှုန်းအနေဖြင့် (၉၂.၉)ရာခိုင်နှုန်းအား ပျော်ရွှင်စွာတက်ရောက်ပညာသင်ကြားနေကြောင်း ဒု-မော်ကွန်းထိန်း ဒေါ်ကြူကြူဝင်းထံမှ သိရသည်။

အောင်ဇော်မင်း