မိုးကုတ်မြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား (တတိယအကြိမ်) ကာကွယ်ဆေး Booster Does ထိုးနှံ

မိုးကုတ် ဇန်နဝါရီ ၁၂

မန္တ‌လေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူများအား တတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Does) ထိုးနှံခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အောင်ချမ်းသာရပ်ကွက်ရှိ ဘုရားတစ်ထောင်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရန်နိုင်ဦးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ‌ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု အားပေးခဲ့သည်။ အဆိုပါ ကာကွယ်ဆေးအား (၆)လပြည့်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူ (၇၆)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Booster Does) ထိုးနှံပေးခဲ့ပြီး၊ မင်းတံတားရပ်ကွက်ရှိ ရတနာသိဒ္ဓိပရဟိတကျောင်း၊ ရွှံ့ပန်းရပ်ကွက်ရှိ ကောသလဘုန်းတော်ကြီးစာသင်ကျောင်းများတွင်လည်း ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

နန်းခွာညိုနှင်း