ပလောက် ဇန်နဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် Online မှတစ်ဆင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေး လုပ်ငန်းများ လွှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အသိပညာပေး (Talk Show) လုပ်ငန်းဆောင်ရွက်မှုတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေး အသိပညာပေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးပြီး ပလောက်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်က မီးလောင်မှု အခြေခံသဘောတရားများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မီးငြိမ်းသတ်နည်းလမ်းများ၊ မီးသတ်ဆေးဗူး အသုံးပြု နည်းလမ်းများ အစရှိသည့် အကြောင်းအရာများကို ပြည်သူများအတွက် ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)