မဘိမ်း ဇန်နဝါရီ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေး အတွက် အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက် ယူရေး(Working Group)လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က နမ့်ပုံးပုံးရပ်ကွက်၌ ဆက်လက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူရာတွင် နမ့်ပုံးပုံးရပ်ကွက်၌ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ်မြေ ပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ မှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူလျက်ရှိကြောင်း သိရှိရ သည်။
အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူ ခြင်းလုပ်ငန်းများကို မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီဥက္က|ဋ္ဌ ဦးဟိန်းသူဝင်း နှင့်အဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)