မိုင်းယု ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မသန်စွမ်းသူ၊ ဉာဏ်ရည်မမီသူ၊ မျက်စိမမြင်သူနှင့် နားမကြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ရေးနှင့် ဂုဏ်သိက္ခာမြင့်မားစေရေး ရည်ရွယ်ချက်ဖြင့် “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမမှာ ကျင်းပပြုလုပ် ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးအားချာက ကိုယ်အင်္ဂါမသန်စွမ်းသူ၊ ဉာဏ်ရည်မမီသူ၊ မျက်စိမမြင်သူနှင့် နားမကြားသူတို့၏ နိုင်ငံတကာသတ်မှတ်ချက်များ၊ ၎င်းတို့၏ အရေးကြီးသော လုပ်ငန်းရပ်များ အကြောင်းကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးကိုကိုနိုင်က “မသန်စွမ်းသူ စွမ်းအောင်ကူ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းက လူမှုဝန်ထမ်းဦးစီးဌာနနှင့်လက်တွဲ၍ ခေတ်ရေစီးကြောင်းနှင့်အတူ မသန်စွမ်းသူများကို လက်မှုပညာများ သင်ကြားစေရေး၊ ကိုယ်ကာယကျန်းမာဖို့ အားကစားပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်နိုင်ရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းသူ၊ ဉာဏ်ရည်မမီသူ၊ မျက်စိမမြင်သူနှင့် နားမကြားသူများအတွက် စိတ်ဓာတ်မြှင့်တင်ရေးနှင့် ဂုဏ်သိက္ခာမြင့်မားစေရေး ရည်ရွယ်ချက်ဖြင့် “မသန်စွမ်းသူများဆိုင်ရာ” အသိပညာပေး(Talk Show) ဆွေးနွေးပွဲကို ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်းနှင့် အဆိုပါ လူထုအသိပညာပေး (Talk Show) ဆွေးနွေးပွဲများကိုလည်း လစဉ် နေ့ထူးနေ့မြတ်များ အလိုက်သော်လည်းကောင်း၊ သိသင့်သိထိုက်သည့် အခန်းကဏ္ဍများအလိုက်သော် လည်းကောင်း အသိပညာပေးဆွေးနွေးကာ Online မှ လွှင့်တင်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ကိုကိုနိုင်