အ.မ.က(မူလွန်) မက်မွန်လောင်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ခိုလမ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့ အခြေခံပညာမူလွန်ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယ‌နေ့ နံနက်(၉)နာရီအချိန်မှ မွန်းလွဲ(၁:၀၀)နာရီအချိန်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းမွန်ရှန်တင်က တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ စာပေထူးချွန်နှင့်အားကစားထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများက အကပဒေသာများဖြင့် ပျော်ပျော်ပါးပါး တင်ဆက်ဖျော်ဖြေကပြခဲ့ကြောင်း သိရှိရသည်။

နေလင်းထွန်း(ခိုလမ်)