မိုင်းဖြတ်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပူးပေါင်းဆောင်ရွက်

မိုင်းဖြတ် ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသက်မွေးဝမ်းကျောင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၁ ရက် နံနက် ၁၀ နာရီက အ မ က(တာမ)ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ လူငယ်နှင့်စာပေအသိပညာဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာထွန်းဇော်ဝင်းက ကျွဲ၊ နွားများ စနစ်တကျ မွေးမြူရေးနိုင်ရေးနည်းလမ်းများနှင့် ခွေးရှုးရောဂါကူးစက်ခြင်း၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများနှင့် ကာကွယ်ဆေးများထိုးနှံထားရှိရမည့် အခြေအနေများကို ရှင်းလင်းဟောပြောပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးရာဇာဝင်းထွန်းက သဘာဝဘေးအန္တရာယ် အမျိုးအစားများ၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက ကျောင်းအုပ်ဆရာကြီးအား ကျောင်းစာကြည့်အတွက် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပေးပြီး  မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အသိပညာပေးလက်ကမ်း စာစောင် များကို  ဖြန့်ဝေပေးခဲ့သည်။  ယင်းနောက် တက်ရောက်လာသည့်  ကျေးလက်ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားရှိသော အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)