ပုသိမ်ကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်

ပုသိမ်ကြီး ဇန်နဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြိုနယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ အထက(ခွဲ)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါ စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသန်းထွန်း၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒေါက်တာတင်သူဇာအောင်၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးချစ်မြတ်တိုး၊ အောင်ချမ်းသာ အထက(ခွဲ)ကျောင်းမှ ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး KG တန်းမှ Grade-5 ထိ ကျောင်းသား၊ ကျောင်းသူ (၁၁၇)ဦး ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံမည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ ဆရာမများက လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများ စစ်ဆေးပေးကာ တစ်ဦးချင်းလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)