စဉ့်ကိုင် ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် အခြေခံလူတန်းစား ပြည်သူများ စား၀တ်နေရေးအဆင်ပြေစေရေးအတွက် စျေးနှုန်းသက်သာစွာဖြင့် ၀ယ်ယူစားသောက်နိုင်ရန် ထမင်းတစ်ပွဲလျှင် ကျပ်(၅၀၀)နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စု၊ အမှတ်(၁၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအတွင်း၌ ယနေ့ နံနက်(၁၀) နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထမင်းတစ်ပွဲကျပ်(၅၀၀)ဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ၀န်ထမ်းများက အမှတ်(၁၄)လုံခြုံရေးရဲတပ်ဖွဲ့ခွဲအတွင်းရှိ ၀န်ထမ်းနှင့် ၀န်ထမ်းမိသားစု၀င်များအား ထမင်းဘူး(၃၀၀)ရောင်းချပေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)