ဆီဆိုင် ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၁၉-၂၀၂၀၊ ၂၀၂၁-၂၀၂၂ ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းဝင်းအတွင်းရှိ ယုဇနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Grade- 10 ကျောင်းသား/ ကျောင်းသူများက “စုံညီပွဲတော်တို့နွှဲပျော်” တေးသီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးကအမှာစကားပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီးက ကျောင်းလုပ်ငန်းဆောင်ရွက်ချက်အခြေအနေများကို ရှင်းလင်းတင်ပြပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးအောင်နှင့် ရိုးရိုးအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက ဆုများပေးအပ် ချီးမြှင့်ပြီး ကျောင်းသား/ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
ဆီဆိုင်(ပြန်/ဆက်)