ဘုတ်ပြင်း ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေးအဖွဲ့ (Working Group) များမှအိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုအသီးသီး တို့တွင် စာရင်းကောက်ယူလျက်ရှိရာ ယနေ့နံနက်တွင် အောင်မင်္ဂလာရပ်ကွက်နှင့် ရွေဘုံသာရပ်ကွက်တို့၌ စာရင်းကောက်အဖွဲ့များက တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများနှင့် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့တို့က လာမည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် ဘုတ်ပြင်းခရိုင်ရှိ ရပ်ကွက်(၈)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၉)စု လူဦးရေဆိုင်ရာစာရင်းအချက်အလက်များနှင့် မသန်စွမ်း(၅)မျိုးစာရင်းအား ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်အိမ်ဆင်း ကွင်းဆင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)