ရန်ကုန် ဇန်နဝါရီ ၁၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် (Working Group) လူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းများဆောင်ရွက်နေမှုများအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ. ဦးအောင်လွင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်းများ တိကျမှန်ကန်မှုရှိစေရန် အိမ်ထောင်စုပုံစံများဖြင့် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် စာရင်းကောက်ပုံစံများ မှန်ကန်မှုရှိ၊ မရှိစစ်ဆေးခြင်းနှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြပါသည်။ ဒေါပုံမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၂၇၀၄၀၀ ကျော်ရှိသည့်အတွက် ကောက်ကွက်တစ်ကွက်လျှင် အိမ်ထောင်စု ၅၀၀ နှုန်းဖြင့် ကောက်ကွက် ၅၉ ကွက်ရှိကြောင်း သိရသည်။ အဆိုပါ အိမ်ထောင်စုများအား ဇန်နဝါရီ ၉ ရက်နေ့မှစတင်၍ ၃၁ ရက်နေ့အထိ ရက်ပေါင်း ၂၃ ရက် အတွင်း ပြီးစီးအောင် ကောက်ယူသွားမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။
မြို့နယ်(ပြန်/ ဆက်)