နွားထိုးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose) ထိုးနှံ

နွားထိုးကြီး ဇန်နဝါရီ  ၁၁

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် အခြေခံပညာကျောင်းများမှ အသက်()နှစ်မှ (၁၂)နှစ် ထိ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် နာရီက ဘုရား ကြီး(အလက)ခွဲ၊ ကျီးကန်(မူလွန်) ကျောင်းတို့၌ ဆေးထိုးစုရပ်များခွဲ၍ တတိယအကြိမ် ဆက်လက်ထိုးနှံပေးခဲ့သည်။

ကိုဗစ် -၁၉ ရောဂါထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပညာရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့၏ ကူညီဆောင်ရွက်မှုဖြင့် ယနေ့တွင်  အခြေခံပညာကျောင်း များမှ ကျောင်းသား၊ကျောင်းသူ (၃၁၀)ဦးကို သက်ဆိုင်ရာ ကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများ၏ ကြီးကြပ်မှုဖြင့် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။

သန်းအောင်ဇော်