မိုင်းခုတ် ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ လူမှောင်ခိုနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနရုံး၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှုကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မိမိခိုင်တို့က လူမှောင်ခိုနှင့် လူကုန်ကူးမှုအန္တရာယ် အသိပညာပေးအကြောင်းအရာများအား ဆွေးနွေးဟောပြောပြီး ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်နှင်းနှင်းအေးက ကျန်းမာရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း၊ နယ်မြေခံရဲစခန်းမှ ရဲတပ်ကြပ်ကြီးခင်ဝင်းက လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များကိုလည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဒေါ်ဇင်ဇင်သော်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဉက္ကဋ္ဌ ဒေါ်မိမိခိုင်တို့က အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများအား ကိုယ်တိုက် ဆပ်ပြာခဲများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)