စမ်းချောင်း ဇန်နဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ Working Group မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈)နာရီအချိန်က စမ်းချောင်းမြို့နယ် ဟုမ်းလမ်းရပ်ကွက် ပန်းလှိုင်အာရုဏ်တော်ဝတ်အသင်း ဓမ္မာရုံတွင် မြို့နယ်ကွပ်ကဲရေးရုံးဖွင့်လှစ်ပြီး သီရိခေမာရပ်ကွက်၊ ဟုမ်းလမ်းရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်များသို့ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းစဉ် တစ်ရပ်လုံးပြီးမြောက်အောင်မြင်စေရေးအတွက် ခရိုင်ကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမျိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃) ဦးဇော်မင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးဝင်းနိုင်တို့မှ ဦးဆောင်၍ ရှေ့တန်းအမှတ်(၁၃၉) ခြေလျင်တပ်ရင်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူးမျိုးဝင်းထွန်းနှင့်အဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်မြေပြင် တစ်အိမ်တက်ဆင်းကွင်းဆင်း ကောက်ယူရေး အဖွဲ့(၇၂)ဖွဲ့၊ စုစုပေါင်းအင်အား (၄၂၆)ဦးတို့ဖြင့် လာမည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် သီရိခေမာရပ်ကွက်၊ ဟုမ်းလမ်းရပ်ကွက်၊ အောင်ချမ်းသာ ရပ်ကွက်အတွင်းရှိ လူဦးရေဆိုင်ရာစာရင်း အချက်အလက်များနှင့် မသန်စွမ်း(၅)မျိုး စာရင်းအား တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။
နီလာစိုး