နမ့်ဆန်မြို့ တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

နမ့်ဆန် ဇန်နဝါရီလ  ၁၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ့်ဆန်ဒေသအဆင့်ရုံး ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ဒို့ကျေးရွာဂျာနယ် အတွဲ-၁၉၊ အမှတ်-၂၃ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာတွင် ဦးစီးအရာရှိ ဒေါ်နန်းထားထားလှိုင်က ပေါက်ပေါက်၏  ”ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သောရာသီတုပ်ကွေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊   စာပေ ချစ်မြတ်နိုး သူများအသင်း (Book Club)  မှ ဒေါ်သီတာဦး က “ဆက်ဆံမှုနှင့်အောင်မြင်ရေး” အကြောင်းကိုလည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြသည်။

နမ့်ဆန်မြို့ဒေသအဆင့်ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအသိပညာ ဗဟုသုတရရှိရေးအတွက် စာဖတ်ဝိုင်းများ‌ အသိပညာပေးဆွေးနွေးပွဲများ လစဉ်ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြင့် စာပေကိုဖတ်ရှုသည့် အလေ့အကျင့် ရရှိစေရန်နှင့် အမှားအမှန်ကိုပိုင်းခြားသိပြီး ပူးပေါင်းဆွေးနွေးဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း  သိရသည်။

နမ့်ဆန်ဒေသ(ပြန်ဆက်)