မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင်  စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

မိုင်းငေါ့ ဇန်နဝါရီ ၁၁

မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုလေ့လာ အသုံးပြုလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်မှုရရှိ စေရန်နှင့်မြန်မာ့ ရိုးရာဓလေ့စကားပုံများ သိရှိစေရန်အတွက် စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက Community Centre ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲများပြုလုပ်‌ပေးရခြင်းသည် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ဖတ်ရှုအသုံးပြုနေသော ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ အသိပညာဗဟုသုတတွေများစွာရှိစေရန် ၊စိတ်အေးချမ်းကြည်လင်တက်ကြွစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အလေ့အကျင့်ကောင်းများရရှိစေရန်၊ မြန်မာ့ရိုးရာစကားပုံလေးများကို ကိုသိရှိနိုင်စေရန် စသော ရည်ရွယ်ချက်များဖြင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး၏ ပြောကြားချက်အရ သိရပါသည်။

ဆက်လက်၍ စကားပုံဆက်ပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ဦးစီးမှူးမှ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)