ညောင်ဦး ဇန်နဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျက်ရှိသော ကံကျဲကျေးရွာ၊ သံဖိုရွာဟောင်းတဲတိုက်သို့ ယနေ့နံနက် ၉ နာရီခွဲ အချိန်က သောက်သုံရေဂါလံ (၁၆၀၀) သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်း အကျိုးတော်ဆောင်များထံက သိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ/တဲတိုက်များသို ့ရန်ကုန်မြို့ဝေမျှခြင်း ပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ ကံကျဲကျေးရွာအရှေ့ဘက်၊ သံဖိုရွာဟောင်းတဲတိုက်သို့ သောက်သုံးရေဂါလံ (၁၆၀၀) လှူဒါန်းပေးခဲ့ကြောင်း သိရပြီး သပြေကန်တဲတိုက်တွင် အိမ်ခြေ (၅၀)ကျော်၊ လူဦးရေ (၂၀၀)ဦးခန့် နေထိုင်ကြောင်းလည်း သိရသည်။
ကိုကြေးမုံ