ပိုင်ကျုံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ည(၅) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကျောင်းသား ကျောင်းသူလေးများက ပညာပန်းခင်း သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးစောအယ်ခရစ်တို့မှ အမှာစကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိ သူများက (၂၀၂၂-၂၀၂၃) ပညာသင်နှစ်အတွက် စာပေထူးချွန်ဆုနှင့် အားကစားထူးချွန်ဆု ရရှိကြသည့် ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အ.ထ.က ပိုင်ကျုံကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများ၊ တေးသီချင်းများဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ ပိုင်ကျုံမြို့မှ ဌာန ဆိုင်ရာများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)