မိုးနဲမြို့နယ် နောင်ခမ်း အခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

မိုးနဲ ဇန်နဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ခမ်း အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲမျာ၊ ကျောင်းသားမိဘများ ၊ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အမှတ်(၅၁၈) ခြေမြန်တပ်ရင်း တပ်ရေးဗိုလ်ကြီး မျိုးသက်နိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ထွေးစံပယ်ဖြူက ကျောင်းဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ၊ကျောင်းသား၊ ကျောင်းသူများ ဘက်စုံထူးချွန်ရေးအတွက် မိမိတို့ ကျောင်းရှိ ကျောင်းသားမိဘများ ပူးပေါင်းဆောင်ရွက်‌ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ 

‌ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၂-၂၀၂၃ ပညာရေးစုံညီပွဲ‌တော်တွင် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့ တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် သီဆိုဖျော်ဖြေ ကပြကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)