မချမ်းဘော့ ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့တွင် (၇၅) နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ကျောင်းစုံညီအားကစားပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၁နာရီက အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပသည်။
အဆိုပါ အားကစားပြိုင်ပွဲများတွင် မူလတန်းအဆင့်မုန့်စားပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲများ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများကိုလည်းကောင်း၊ အလယ်တန်းအဆင့် ခြင်းခတ်ပြိုင်ပွဲနှင့်အထက်တန်းအဆင့် ဘောလုံးပြိုင်ပွဲများကိုကျင်းပခဲ့ပြီး ဆုရရှိသူများကို ဇန်နဝါရီလ ၁၃ရက်နေ့ ကျောင်းစုဝင်းကွင်း၌ ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော့)