ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်းများ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူနေမှု အခြေအနေများနှင့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနံနက်ပိုင်းက မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှော်ဘီခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာညွန့်နှင့်တာဝန်ရှိသူ ကျွဲကူးကျေးရွာအုပ်စု၊ ရေကျော်ကုန်းကျေးရွာ၊ အပ်ချည်မျှင်ဘုန်းတော်ကြီး ကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ကြောင်းကြီးငါးကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံကာ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာနေပြည်သူများအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မှော်ဘီခရိုင် ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူးဒေါ်ဥမ္မာညွန့်နှင့် တာဝန်ရှိသူများက ကျွဲကူးကျေးရွာအုပ်စုအတွင်း မြေပြင်တစ်အိမ်တက်ဆင်း (Working Group) စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဇင်မင်းထိုက်(ထန်းတပင်)