ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ လူဦးရေစာရင်းမှန်ကန်‌ရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းများစတင်ဆောင်ရွက်

ချီဖွေ ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်၊ ချီ‌ဖွေခရိုင်၊ ချီဖွေမြို့နယ်၌လူဦးရေစာရင်း မှန်ကန်ရေးအတွက် မြို့နယ်အတွင်းရှိရပ်ကွက်နှင့်‌ ကျေးရွာများသို့မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး လုပ်ငန်းများကို ယမန်‌နေ့နံနက် ၉နာရီ အချိန်ကစတင်၍ ကွင်းဆင်းကောက်ယူလျက် ရှိကြောင်းသိရသည်။

အဆိုပါ လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာနေရာသို့ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့ဥက္ကဋ္ဌ  ဦးချစ်စမ်း‌အောင်နှင့်ဌာဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ချီဖွေမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေးများ၊ ရာအိမ်မှူးများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများပါဝင်သည့်  မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များသည်  သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများ အလိုက်တစ်အိမ်တက်ဆင်း သွားရောက်ကာ သတ်မှတ်စာရင်းပုံစံများဖြင့် ကောက်ယူလျက်ရှိကြောင်း သိရသည်။

မေခမွန် (ပြန်/ဆက်)