ပြည်ကြီးတံခွန် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် (ဆ)ရပ်ကွက်၊ ၅၅လမ်းနှင့်၅၆လမ်းကြားရှိ ဓဓ-၂၆၊ ဓဓ-၂၇၌ လူဦးရေစာရင်းတိကျမှန်ကန်ရေး စာရင်းကောက်အဖွဲ့ ၁၁ ဖွဲ့ဖြင့် မြေပြင်လူဦးရေ စာရင်းကောက်ယူနေမှုအခြေအနေများအား ယနေ့နံနက် ၁၀ နာရီအချိန်က တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၊ တွဲဖက်အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးဦးဆောင်သောအဖွဲ့ဝင်များ၊ မြို့နယ်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုအားပေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက ရပ်ကွက်များ စာရင်းကောက်ယူရာတွင် အုပ်စုအလိုက် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် မြေပြင်စာရင်း ကောက်ယူရေးအဖွဲ့တို့မှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေး ကောက်ယူရမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာရင်းကောက်ယူရေး နှင့်ပတ်သက်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)